Xplode-Pluto
Mount Popa"
Saturday, March 1, 2008,

ဆန္ဒခံယူပွဲ နှင့် အငြင်းပွါးစရာများ


ယနေ့ မြန်မာသတင်းမီဒီယာများ နှင့် Blog များမှာ Refrendum ကိစ္စနှင့်ပါတ်သက်ပြီး

ပြောဆို ရေးသားနေကြတာတွေကိုဝင်ရောက်ဆွေးနွေးတဲ့ အနေနဲ့ ပြောပါရစေ။


ယနေ့ ပြောဆိုနေကြသည်မှာ၊ တချို့ ကဆန္ဒခံယူပွဲမှာ ကန့် ကွက်မဲပေးကြ ဘို့ ၊ တချို့ 

ကမဲ မပေး ကြ ဘို့ ပြောဆို နေကြတာတွေ့ ရပါတယ်၊


ဒီမှာကျွန်တော် ရဲ့ ကိုယ်တွေ့ လေး တခုပြောပါရစေ၊ ၁၉၇၄ ဆန္ဒခံယူပွဲမှာ၊ ကျွန်တော်

၁၃ နှစ် သားအရွယ်အောင်ကို လတ် ရဲ့ မဲရုံ သွားကြဆို့  သီချင်း နှင့် ကျွန်တော်နှင့်

ကျွန်တော် ၏ သူ ငယ်ချင်းများမှာထောက်ခံမဲပေးရ မည်ဟု ယုံကြည်နေကြပါသည်။

ထိုအချိန်တွင်ကျွန်တော် နှင့် ကျွင်တော်၏သူငယ်ချင်းကကြက်ခြေနီ အသင်းသား

အဖြစ် မဲရုံအကူတာဝန်ယူ ရပါသည်၊၊


တချို့ ကမဲလာမပေးကြပါ၊မဲရုံမပိတ်မီ မဲရုံကြီးကြပ်ရေးမှုးကကျွန်တော်နှင့် အတူ

တာဝန်ကြသူကျွှန်တော်၏သူငယ်ချင်း ရက်ကွက်ကောင်စီ လူကြီး၏သား ကို

အမဲပုံးမှ မဲများ ကို အဖြူပုံး သို့ ပြောင်းခိုင်းပါသည်။ ကျွန်တော်၏စိတ်ထဲမှာ

မနှစ်မြို့ သော်လည်း သာမန်ကိစ္စဟုထင်မှတ်မှားမိပါသည်၊၊ယခုယုံကြည်မိ

သည်မှာ၊မဲလာမပေးသူများ ၏မဲ ကို လည်း ထောက်ခံမဲ ဖြစ်သွားပေ လိမ့်

မည်ဟုထင်ပါသည်။


အထက်ပါ ကျွန်တော်၏ကိုယ်တွေ့ အဖြစ်လေးမှ ပြန်လည်သုံးသပ်မိသည်မှာ၊

ဆန္ဒခံယူပွဲ ကို လက်ခံလိုက် ပါကထောက်ခံသည်ဖြစ်စေ၊ ကန့် ကွက်သည်

ဖြစ် စေ အားလုံးထောက်ခံမဲဖြစ် သွားမည်ဟုယုံကြည်မိပါသည်။


ထို့ ကြောင့် ပြည်တွင်းပြည်ပ မြန်မာ့အရေးလှုပ်ရှားသူများမှ ပြည်သူလူထု

အပေါင်းကို ဆန္ဒခံ ယူပွဲ ကို လက်မခံကြ ရန်၊ဆန့် ကြင်ကြရန် တိုက်တွန်းစေ

လိုပါသည်။


ထို့ အတူပြည်တွင်းမှ တာဝန်အရှိဆုံး၊လုပ်ပိုင်ခွင့် အရှိဆုံး NLD မှ ဆန္ဒခံယူပွဲ

ကိုပြတ်ပြတ်သား သား ဆန့် ကြင်၍ ပြည်ပ ရောက်မြန်မာ့အရေး ဆောင်ရွက်

သူများ နှင့် တညီတညာတည်း အချိန် ကိုက် ပြည်သူလူထုကို ထိ ထိရောက်

ရောက် ဦးဆောင်မှုပေး ကာ၊စစ် အာ ဏာ ရှင်စနစ် ကို မြန်မာ့မြေပေါ် မှ

အပြီးတိုင် မောင်းထုတ်ရန်အချိန်ကြ ရောက်ပြီ ဟု ယုံကြည်မိ ပါ သည်။

2:21 PM